အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ္လာဟ်ဝဗရကားသ်
အီမာမ် ဂျာဖရ်
အဆွ်ဆွာဒိက် ဟာ C.E ၆၉၉ / ၇၀၀ (သို့) ၇၀၂ / ၇၀၃ ခုမှာ အာရေဗျကျွန်းဆွယ် မဒီနဟ်မြို့ မှာဖွားမြင်တော်မူ ခဲ့ပါတယ်။အီမာမ် ကြီးဟာကိုယ်တော်မြတ်
(ဆွလ်လလ်လာဟု အလိုင် ဟိဝစလ်လမ်) ရဲ့ “တွတ်” တော်ပါ။အထက်အဆက်အနွယ်တော်
အစဉ်အဆက်ကိုဖော်ပြရရင် အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဘင်န် အီမာမ် မုဟမ္မဒ်
အလ်ဘာကိရ် ဘင်န် အီမာမ် အလီ (အီမာမ်
ဇိုင်နုလ် အာဗေဒီးန်)ဘင်န် အီမာမ်ဟုစိုင်းန် (မြေးတော်) ဘင်န် အလီအိဗ်နိ
အဗီသွာလိဗ် (စတုတ္ထခလီဖွာကြီး) + သမီးတော် ဖာသွိမဟ် ဘင်န်သိ မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝ
စလ်လမ်) ပါ အီမာမ်ကြီးကို စွန်နီ မုစ်လင်မ်တွေရောရှိအဟ် မုစ်လင်မ်တွေ ကပါအစ္စလာမ်သာသနာရေးရာပညာရပ်များ၊
ဝိဇ္ဇာနဲ့သိပ္ပံ ပညာတို့ရဲ့ပညာရှင်ကြီးတစ်ဦးအဖြစ် ယနေ့တိုင်ရိုသေလေးစားကြပါတယ်။
ရှိအဟ် မုစ်လင်မ် တွေကအီမာမ်ကြီးကိုကိုယ်တော်မြတ်(ဆွလ်လလ်လာဟု အလိုင်ဟိဝစလ်လမ်)ရဲ့
အရိုက်အရာကိုဆက်ခံ တဲ့ခြောက်ပါးမြောက် အီမာမ် အဖြစ်ယုံကြည်လက်ခံကြပါတယ်။ရှိအဟ်
မုစ်လင်မ် တို့ရဲ့ ဂျာဖရီ ဖိကဟ် ဟာအီမာမ်ကြီး ကို ရည်ညွှန်းတာပါ။ဒါ့အပြင် ဆူဖီသွရီ ကဟ်လမ်းစဉ်အတော်များများဟာ
သူတို့ရဲ့ ဆရာအစဉ်အဆက်ကို အီမာမ်ကြီးထံ ဆက်နွယ်ဖော်ပြကြပါသေးတယ်။ အဲဒီလိုဆက်နွယ်ဖော်ပြ ကြတဲ့ သွရီကဟ် လမ်းစဉ်တွေ ထဲမှာနက်ခ်ရှ်ဘန်ဒီယာလမ်းစဉ်
ဟာ ထင်ရှားပါတယ်။
အီမာမ် ကြီးဟာ ကုရ်အာန်၊ ဟဒီးဆ်၊ စုန္နဟ်၊
ဖွေကဟ် ပညာရပ်တို့ကို ပါရဂူမြောက် ကျွမ်းကျင်
ရုံသာမက၊သူ့ခေတ်သမယကနက္ခတ္တဗေဒ၊ဒဿနိကဗေဒ၊ တက္ကဗေဒ၊ ဓာတုဗေဒ (ရှေးဟောင်း)၊ ဆေးပညာ၊ ဆေးဝါးဗေဒ
စတဲ့ ဝိဇ္ဇာ၊ သိပ္ပံပညာတို့ရဲ့ အဓိပတိကြီးတစ်ပါး လည်းဖြစ်ပါတယ်။အီမာမ်ကြီးထံမှာပညာဆည်းပူးခဲ့တဲ့မြောက်မြားစွာသောတပည့်တွေထဲမှာ
အီမာမ်အဗူဟနီဖဟ်
(ဖွေကဟ်ပညာရှင်ကြီး) (ရဟ်မသုလ္လာဟ်အလိုင်ဟ်) ၊အီမာမ် မာလိက် ဘင်န် အနတ်စ် (ဖွေကဟ်ပညာရှင်ကြီး
နှင့် မုအသ်သွာဟဒီးစ် ကျမ်းရှင်) ရဟ်မသုလ္လာဟ် အလိုင်ဟ်)၊
အီမာမ်မူစာအလ်ကာဇွင်မ်(အီမာမ်ကြီး၏သားတော်နှင့်အစ်သ်နအရှရီရှိအဟ်မုစ်လင်မ် တို့၏
ခုနှစ်ပါးမြောက် အီမာမ်)(ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊ အီမာမ် အိစ်မာအိလ်
(အီမာမ်ကြီး၏သားတော်နှင့် အိစ်မာအိလီ ရှိအဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ်
အလိုင်ဟ်) ၊ အီမာမ် ဝစိလ် ဘင်န် အသွာ(မုသဇိလဟ် အတွေးအခေါ်ရှင်) (ရဟ်မသုလ္လာဟ်
အလိုင်ဟ်) နှင့်ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (ဥရောပ သိပ္ပံပညာသမိုင်းတွင် လက်တင် အမည်GEBER ဖြင့်
ကျော်ကြားသော သိပ္ပံပညာရှင်ကြီး)(ရဟ်မသုလ္လာဟ် အလိုင်ဟ်) တို့ဟာ အလွန်ထင်ရှားကြပါတယ်။အီမာမ်ကြီးဟာ
သာသနာရေး၊သိပ္ပံ ဝိဇ္ဇာဆိုင်ရာ ကျမ်းပေါင်းများစွာ ကို
ကိုယ်တိုင်ပြုစုခဲ့သလို သူ့တပည့်တွေ ကိုလည်း ကျမ်းပြုပါရဂူမြောက်တဲ့အထိ သင်ကြား ပျိုးထောင်ခဲ့သူ
ဖြစ်ပါတယ်။
အီမာမ်
ကြီးဟာ အဗ္ဗဆီယာမင်း အလ်မန်စူးရ် လက်ထက် C.E ၇၆၅ ဒီဇင်ဘာလ မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခဲ့ပြီး၊
မဒီနဟ်မြို့ရှိ ဂျန်နသုလ်ဗကီးဟ် မှာ မြှုပ်နှံခြင်းခံခဲ့ရပါတယ်။
No comments:
Post a Comment