ABOUT US
အာလီယာကာဒရီယဟ်မွန်အမီယာ ဃရာနာ ကို ၀ါးခယ်မ၊ရေကျော်၊ပုသိမ်၊မော်လမြိုင်၊ရန်ကုန် မြို့များတွင် ဆရာသခင်ဦးကျော်သိန်းမှ စတင်တည်ထောင်ခဲ့ပါသည်။ဆရာသခင်သည် ခလီဖဟ် မုဟမ္မဒ် ဟာရှင်(ထားဝယ်) နှင့် ခလီဖဟ် ဆရာအဟ်မဒ်(တောင်ကြီး)တို့ထဲမှ ဝေလာယသ် အေဂျာဇသ် ရရှိခဲ့ ပါ သည်။ ဧရာဝတီတိုင်း၊၀ါးခယ်မ မြို့တွင် ဆရာသခင်ဦးကျော်သိန်း စိုက်ထူထားသော အလံတိုင် တည်ရှိပြီး ဧရာဝတီ တိုင်း၊ပုသိမ်မြို့တွင်မူ ဆရာသခင်တည်ထောင်ခဲ့သော အစ္စလာမ့်မအ်ရိဖသ်ပညာသိ ၀ိပဿနာ ဌာန တည်ရှိပါသည်။ဆရာသခင်သည် ရန်ကုန်တိုင်း၊ဒဂုံမြောက်ပိုင်းမြို့နယ်၊၃၁ ရပ်ကွက် ၇ှိနေအိမ်မင်္ဂလာတွင်အင်သီကာလ် ဖြစ်ခဲ့ပါသည်။ရန်ကုန်မြို့ ကန်တော်လေးကဗရ်စတန် တွင် ဆရာသခင် ၏ ဒါရ်ဂဟ် တော်တည်ရှိပါသည်။ထိုဒါရ်ဂဟ် တော်တွင် ဆရာသခင် ဦးကျော်သိန်း ၏ ဝေလာယသ်ပေးခံရသူများထဲမှာ တစ်ဦးအပါအ၀င်ဖြစ်သော ခလီဖဟ် ရဖီ(မော်လမြိုင်)မှ နှစ်စဉ် နှစ်တိုင်း အူ၇ွတ်စ်တော်မင်္ဂလာ ပြုလုပ်လျက်ရှိပါသည်။အာလီယာကာဒရီယဟ် မွန်အမီယာ ဟာရှင်မီယာ သွရီကဟ် အား ယခုအခါ ဆရာသခင်ဦးကျော်သိန်း ၏ သားဖြစ်သူ ခလီဖဟ် မိုဟမ္မဒ် အဗ္ဗာစ်(ခ)ဦးမိုးသိန်းမှ ခလီဖဟ်အဖြစ်ဆောင်၇ွက်လျှက်ရှိပါသည်။
ယခု www.mmsufizm.blogspot.com ကိုတော့ ခလီဖဟ် မိုဟမ္မဒ် အဗ္ဗာစ်(ခ)ဦးမိုးသိန်း ၏ ဘိုင်အသ်သီ တစ်ဦးမှ တည်ဆောက်ထားခြင်းဖြစ်ပါသည်။
facebook တွင် http://www.facebook.com/alia.kadiria ဖြင့် ရှိနေပါသည်။
အကြံပြုစာများပေးပို့လိုခြင်း၊မေးမြန်းစုံစမ်းခြင်းများအတွက် ဆက်သွယ်လိုပါက mmsufizm@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။
ချစ်ခင်စွာဖြင့်
အာလီယာကာဒရီယာမွ
Subscribe to:
Posts (Atom)
No comments:
Post a Comment