(1)ဟားလ်(ပီတိ
အခြေနေ)၌ အဘယ့်ကြောင့်ယိမ်းနွဲ့ လှုပ်ရှားမှု မပြုခဲ့ပါသနည်း ဟုမေးမြန်းခဲ့သောအခါ ဂျိုနိုက်
ဘဂ်ဒါဒီ သခင်က ကျမ်းမြတ်ကုရ်အာန် ၏ အောက်ပါအာယသ်ကို တင်ပြခဲ့သည်။
။။။သို့ရာတွင် အသင်တို့က အလွန်မြဲမြံ
ခိုင်ခံ့သော အစိုင်အခဲများဖြစ်သည်ဟု ထင်မှတ်သည့် တောင်များအားမိုးတိမ်များလွင့်ပါးဘိသကဲ့သို့
လွင့်ပါးသွားသည်ကို အသင်တို့တွေ့မြင်ရပေမည်။။။
ဓမ္မခရီးပေါက်နေသူ
၏ ယိမ်းနွဲ့ လှုပ်ရှားခြင်း၌ ပြင်ပဗဟိဒ္ဓိအားဖြင့်စည်းဝါးကျကျ လှုပ်ရှားမှုမရှိချေ။
အတွင်း အဇျွတ္တ ၏ လှုပ်ရှားမှုသာလျင် ရှိသည်။ဝဟာဒသ် ၏စခန်းသည် ၄င်း၏လှည့်ပတ်ယိမ်းနွဲ့ခြင်း ၌
ခသ်ရာသ်
(ကွဲပြားခြားနားမှုအများ)၏ အများအပြားဖြစ်လာသည်။ ဖွင့်ထားပေးခြင်း ခံရ သော မျက်စိများကသာလျင် ဤသည်ကို မြင်နိုင်ကြပေသည်။ဤယိမ်းနွဲ့မှုသည် ကွန်း ဖယကူးန်(ဖြစ်စေ။ထိုအခါ ဖြစ်လာသည်)။ဖြစ် စဉ်အတွင်း အဇျွတ္တ မှ ဗဟိဒ္ဓ(အခြေအနေ)သို့ ဿာသ်တော်၏ လှုပ်ရှားမှုလည်းဖြစ်သည်။ ခေတ်ကာလတိုင်း၏ကုသုဗ် များသည် သဏာန်တူများ၏ ပြန်လည်ရှင်သန်မှုဖြစ်စဉ်၌ မိမိတို့ကိုယ်ကို လော ကကြီး၏ အနုမြူမှုန်များနှင့်အတူ ထပ်တူပြုကြသည်။
(ကွဲပြားခြားနားမှုအများ)၏ အများအပြားဖြစ်လာသည်။ ဖွင့်ထားပေးခြင်း ခံရ သော မျက်စိများကသာလျင် ဤသည်ကို မြင်နိုင်ကြပေသည်။ဤယိမ်းနွဲ့မှုသည် ကွန်း ဖယကူးန်(ဖြစ်စေ။ထိုအခါ ဖြစ်လာသည်)။ဖြစ် စဉ်အတွင်း အဇျွတ္တ မှ ဗဟိဒ္ဓ(အခြေအနေ)သို့ ဿာသ်တော်၏ လှုပ်ရှားမှုလည်းဖြစ်သည်။ ခေတ်ကာလတိုင်း၏ကုသုဗ် များသည် သဏာန်တူများ၏ ပြန်လည်ရှင်သန်မှုဖြစ်စဉ်၌ မိမိတို့ကိုယ်ကို လော ကကြီး၏ အနုမြူမှုန်များနှင့်အတူ ထပ်တူပြုကြသည်။
အချို့သော အောင်လီယာတို့သည် ဓမ္မ ဂီတကို နားဆင်နေစဉ်(စေ့မအ်ပြုနေစဉ်)ကာလ၌
နဖီလ်ကျင့်စဉ်ဖြင့် အရှင့်အနီးအပါးခစားခွင့်စခန်း (ကုရ်ဗိ န၀ါဖိလ်) အခြေအနေသို့ရောက်နေကြ သည်။ ၄င်း တို့သည်
အရှင်မှတဆင့်(အရှင်နှင့်တကွ) ပြောဆိုကြပြီး အရှင်မှတဆင့် (အရှင်နှင့်တကွ)နား ဆင်ကြ သည်။ ၄င်းတို့သည်
အမှန်တရားဖြစ်လာပြီး အရှင်မြတ်သည် ၄င်းတို့၏(လုပ်ဆောင်မှုဆိုင်ရာ)ကိရိယာ ဖြစ်လာသည်။
(ငါသည်
ပြောဆိုသူ၊ငါသည် ကြားနာသူ ဖြစ်ပြီး လောကအပေါင်း၌ အခြားဟုသည် အဘယ်သူပါနည်း)
ရေပုဖောင်းသည်
မိမိနှင့် ပင်လယ်သမုဒ္ဒရာ ၏ ထပ်တူညီမှုကိုသိရှိသဘောပေါက်သွားလေသည်။
အချို့အောင်လီယာတို့သည်(ဖရဇ်ကျင့်စဉ်ဖြင့်
အရှင့်အနီးအပါး ခစားခွင့်ရှိပြီး) ကုရ်ဗိဖရိုင်ယဒ် အခြေအနေ သို့ရောက်သွားကြပြီး ထိုအခြေအနေတွင်
၎င်းတို့သည် သီဆိုသူ၏ နှုတ်လျှာဖြင့်ပြောကြားပြီး ၄င်းတို့၏ နားဖြင့် နားဖြင့် နားဆင်တော်မူသော
အရှင်မြတ်ကို ထိုးထွင်းညာဏ်ဖြင့် သိမြင်ကြကုန်သည်။ ဆိုလိုသည်မှာ အရှင်မြတ်သည် အမှန်တရားဖြစ်ပြီး
အဗ်ဒ်(ဖန်ဆင်းခံကျေးကျွန်) သည် အရှင်မြတ်၏ အသုံးပြုခံကိရိယာ ဖြစ်လာသည်။(ပင်လယ်သမုဒ္ဒရာ
သည် ရေပူပေါင်းနဲ့တကွ မိမိ၏ တစ်ခုတည်းဖြစ်မှုကို သိရှိသတိပြုမိသွားသည်။သီဆိုသူသည် ဆိုင်းနိုင်း(ဒေသ)
မှ သစ်ပင်(လောင်ကျွန်းလျက်ရှိသော ခြုံပုတ်။ မောရှည် တမန်တော်သည် အလ္လဟ်နှင့်ဆက်သွယ်မိစဉ်
ခြုံပင်တွင် နူရီတော်ကွန့်မြူးပြီးမိးတောက်သော အပင်)
ဖြစ်လာပြီး
နားဆင်သူသည် မူစာ(မောရှည်) ဖြစ်လာသည်။သို့မှသာ သူ၏ခန္ဒာအင်္ဂါအားလုံးသည် သူ ၏ နားဖြစ်လာပြီး(သီဆိုသူ၏)
ပြောစကားကို (ထိုနားဖြင့်ပင်)ကြားရလေသည်။ သူ ဟူသည် ပျောက်ကွယ်သွား လေသည်။
အချို့သော အောင်လီယာတို့သည်( အိုင်း
- ဗ - အိုင်း) အခြေအနေသို့ ရောက်ရှိကြသည် ။ ထို အခြေအနေ တွင် ၀ဟာဒါတ် ၏ အနေအထားသည် ၄င်းတို့ကို
လွှမ်းမိုးထားသည်။ထိုအခါ ၄င်းတို့သည် (အိဗ်နု ၀ပ်တ်)၂ ဖြစ်လာကြပြီး သီဆိုသူနှင့် သီဆိုမှုကို ၄င်းတို့၏
အမှန်အရှိတရား အဖြစ်လည်းကောင်း ၊၄င်းကောင်းတို့ ကိုယ်တိုင်ကို သီဆိုနေသူ ကိုယ်တိုင်အဖြစ်
လည်း ကောင်း တွေ့ရှိ ကြသည်။ ၄င်း တို့ သည် သီဆိုသူ၊ တေး ကဗျာ၊လှုပ်ရှားမှုများ နှင့်ကိရိယာ
တန်ဆာပလာများကို ၀ဟ်ဒါနီယတ်(တစ်ခုတည်းသဘော ဧကောဓမ္မော)၏ပြင်ပ၌ကြွင်းကျန်တည်ရှိနေမှုအဖြစ်ဘာတစ်ခုကိုမှမတွေ့ရတော့ချေ။သို့သော်အဘွတ်ဝါတ်၃ အဆင့် သည်ပို၍မြင့်မားလာသည်။သူသည်ပေါင်းစည်းညီညွတ်
သွားခြင်း(jum Ul Jum) စခန်းကို ထိုးထွင်း ညာဏ်ပေါက်သွားပြီးနောက်ယင်းထက်ပိုနိမ့်သောဖရ်က်(ကွဲပြားခြားနားခြင်း)၏အဆင့်စခန်းသို့ သက် ဆင်း လာ သည်။ထိုအခါသူက စေ့မအ် ကိုလွှမ်းမိုးထားပြီး
စေ့မအ် က သူ့ကို မလွှမ်းမိုးနိုင်တော့ပေ။
(၂)(လောကုတ္တရာဈာန်)ပီတိ (ecstacy) သည် ဓမ္မဂီတကိုနားဆင်ရာမှ သက်ဝင်လှုပ်ရှားလာသည့်
စည်းဝါးတကျလှုပ်ရှားမှုပင်ဖြစ်သည်။တမန်တော်(ဆွ)သည်သာမန်အခြေအနေရပ်များတွင် ယင်းကဲ့သို့
လှုပ်ရှား ခြင်း ကို တား မြစ်ခဲ့သည်။
တမန်တော် မိန့်တော်မူခဲ့သည်။( အိုး
မူအာဝီယာ) အကြင်သူဟာ ချစ်ရသူ အကြောင်း နားဆင်ရတဲ့အပေါ် ပီတိအခြေနေကိုမရရှိပါလျင် ထိုသူဟာ
အရှင့်ကို ရှာဖွေသူမဟုတ်ပေ။
ဂျိုနိုက်သခင်ကအမိန့်ရှိခဲ့သည်။စေ့မအ်၌
ပီတိအခြေနေကို၇ရှိခြင်းသည် အကြင်သူအား ယောင်းမွတ်မီသာလ်(ပဋိဥာဉ်ပြုစဉ်)နေ့က ၀ိဥာဉ်အပေါင်းအား
အရှင်မြတ်မိန့်တော်မူသည်ကို အမှတ်ရစေ သည်။လောကုတ္တရာဈာန်ပီတိဟူသည် ငါး ကရေကိုတောင့်တသကဲ့သို့(သို့တည်းမဟုတ်)
ပိုးဖလံက အလင်းရှိရာ မှန်အိမ်ဆီသို့ တဟုန်ထိုးသွားသည့်ပမာ ဖြစ်သည်။ရံဖန်ရံခါတွင် လူတို့သည်
ဈာန်ပီတိ အခြေ အနေ၌သေဆုံးကုန်ကြသည်။ထို့ကြောင့် ဟရာမ်ဟု တားမြစ်ခြင်းပင် ဖြစ်သည်။
(၃)စတင်လမ်းလိုက်သူတစ်ဦးအဖို့ ၄င်းအား
(ပီတိ) (ecstagy) အခြေအနေသို့ရောက်ရှိစေရန် ဓမ္မဂီတဆရာ၏ (ဓမ္မ) ဂီတ လိုအပ်သည်။ ဓမ္မခရီးပေါက်ရောက်နေသူတဦးအဖို့မူ
ငှက်များ၏မြည်ကြွေး(တေးဆို)သံနှင့် လေတိုက်ခတ်သံတို့သည်ပင် ၄င်းအတွက်လုံလောက်သော ဓမ္မဂီတသံ
ဖြစ်လာသည်။ စတင်လမ်းလိုက်သူသည် စိတ်ကူးလွှမ်းမိုးမှုအောက်၌ရှိသည်။ သူသည် စကားလုံးများ၌
ဝမ်းမြောက်ကြည်နူးမှုဖြစ်သည်။ ဤသည်ပင်အကာအရံတခုဖြစ်သည်။ ဓမ္မခရီးပေါက်ရောက်နေသူမှာ
(အရှင့်ပေါ်ထွန်းမှုအား) ထိုးထွင်းမြင်တွေ့ခြင်း၏လုပ်ရပ်၌ရှိနေသည်။ သူ့ထံ၌ ဂီတသည် မှေးမှန်သွားသည်။
စိတ်ကူးယဉ်မှုအကာအရံမှာ ပင့်တင်လှစ်ဟသွားချေပြီ။ “မဂျနူးန်”သည် “လိုင်လာ”ကိုမြင်တွေ့ခဲ့သောအခါ
သူ့ကိုယ်သူ မေ့လျော့သွားသည်။ သူမက သူ့ကို စကားပြောဆိုခဲ့သောအခါတွင် သူ့ကိုယ်သူပြန်လည်သိရှိ
(သတိဝင်)လာသည်။ ဆိုလိုသည်မှာ သူသည် ကျေနပ်ပီတိဈန်သမာပတ်ဝင်စားနေသော အခြေအနေမှ ပြန်လည်နိမ့်ဆင်းလျှောကျသွားခဲ့သည်။
‘စေ့မအ်’ သည် အရှင့်ပေါ်ထွန်းမှု
(epi;hanies) တွင် နစ်မြုပ်ဈာန်သမာပတ်ဝင်နေသူတို့အား ၄င်းတို့၏ ပုံမှန်စိတ်အခြေအနေသို့
ပြန်လည်ရောက်ရှိစေသည်။ သို့သော် စတင်လမ်းလိုက်သူတစ်ဦးအတွက် ‘ စေ့မအ်’သည် ဥာဏ်စဉ်စခန်းမြှင့်တင်ပေးနိုင်သော
ကျင့်စဉ်တစ်ခုဖြစ်သည်။
(၄) တမန်တော်များ၏လမ်းသည် နာမတော်များ၏လမ်းနှင့်
ခြားနား၏။ ထို့ကြောင့် နာမတော်များ၏ (လမ်း)ကို ကျမ်းမြတ်ကိုရ်အာန်၌ ဤသို့ဖော်ပြခဲ့သည်။
‘မာမင်မ်၊ ဒဗ္ဗတင်၊ အိလ္လာဟုဝ၊ အားခိဇွန်၊
ဗိနားဆွိယတိဟာ၊ အင်းန၊ ရဗ္ဗီ၊ အလာဆွိရာတွင် မုစ်တကီးမ’် (၁၁:၅၆)
“(ပထ၀ီမြေပြင်၌) သွားလာကြကုန်သော သတ္တ၀ါမှန်သမျှတို့၏
ဦးစွန်းဆံစသည် ၄င်းတို့၏ ‘ရဗ္ဗ’၏လက်တော်တွင်းဝယ် ရှိပေသည်။ ဧကန်မလွဲထို ‘ရဗ္ဗ’သည် ဖြောင့်မတ်မှန်ကန်သော
လမ်းပေါ်၌ပင် ရှိနေတော်မူပေသတည်း။”
နာမတော်၏လမ်းကိုလိုက်နာရင် ‘စာလိက်’သည်
တမန်တော်များ၏လမ်းသို့ ချဉ်းနင်းဝင်ရောက်ရမည်။ သို့သော်လည်း ‘စာလိက်’သည် ပီတိ(ecstacy)
အခြေအနေ၌ ၄င်းအဆင့်ကို ဖြတ်ကျော်သွားမည်ဆိုပါကလည်း သူ့အားခွင့်လွှတ်နိုင်ပေသည်။
(ဂမ္ဘီရ ဓမ္မ စာအုပ်မှ စေ့မ အခန်းကို မစုမွန်သွယ်မှ ကူးယူစာရိုက်ပေးသည်)
No comments:
Post a Comment