Thursday, May 16, 2013

မတ်စ်န၀ိကျမ်းအတွဲ ၄ မဟာစကြ၀ဠာ (အာလာမ်ဘကီးရ်နှင့် စူဠစကြာစဠာ)(အာလာမ်စဂီးရ်)


မတ်စ်န၀ိကျမ်းအတွဲ ၄ မဟာစကြ၀ဠာ (အာလာမ်ဘကီးရ်နှင့် စူဠစကြာစဠာ)(အာလာမ်စဂီးရ်)

          သဘာဝတ္ထအသိဓမ္မပညာတွင် စိတ်ဝင်စားဖွယ်ရာ ပြသနာတခုရှိ၏။ ၄င်းစကြ၀ဠာ၌ရှိရှိသမျှသော အရာတို့သည် လူသားတို့၏ အဇ္ဈတအတွင်းသဏ္ဌာန်၌ စူဠစကြာဝဠာအဖြစ်နှင့် ကိန်းအောင်းပါဝင်သောကြောင့် အပြင်ဗဟိဒ္ဓစကြာဝဠာအား လူသား၏ရုပ်ခန္ဓာနှင့်နှိုင်းယှဉ်ကာ မဟာစကြ၀ဠာအဖြစ်ယူဆ၍ ရ မရ ဟူသော အမေးပုစ္ဆာဖြစ်၏။
          ဒသနအမြင်အားဖြင့် အတွေးအခေါ်ရှင်တို့အကြား၌ အဆိုအမျိုးမျိုးကွဲပြားကြသော်လည်း လူသားတို့၏ဆင်ခြင်တုံတရားကို အခြေခံပြီး အကြောင်းအကျိုးဆက်စပ်ကာ တွေးခေါ်မျှော်မြင်ရသော ပုထုစဉ်၏ လောကအမြင် WORD OUT LOOK  ဖြစ်သည့် ဒသနိကဗေဒ PHLOSOPHY သည်စကြ၀ဠာ၏ အမှန်တရားကို ပြီးပြည့်စုံစွာဖော်ထုတ်နိုင်မည်မဟုတ်ပေ။
          ဘာဝနာမာယဥာဏ်ရှင်ဖြစ်သည့် မောင်လာနာရူမီသခင်ကြီးကမူ လူသားမှာ မဟာစကြ၀ဠာဖြစ်ပြီး ဗဟိဒ္ဓရုပ်ကြမ်းစကြ၀ဠာကြီးမှာ စဠစကြ၀ဠာဖြစ်ကြောင်းကို မာစ်န၀ီဓမ္မလင်္ကာတော်၌ သမ္ဘူဥာဏ်ကွန်းမြူးကာ ဖော်ပြထား၏။
          ပညတ်ရုပ်သဘောအရဆိုလျှင် အသင်လူသားသည်  စူဠစကြ၀ဠာဟုပင်ထင်ရသည်။
          ပရမတ်သဘောအရမူ အသင်လူသားသည် မဟာစကြ၀ဠာဖြစ်သည်။လူသားအား အလ္လာဟ်အရှင်မြတ်၏ ဖြစ်ပေါ်ထင်ရှားခံ အားလုံးတို့တွင် အဆုံးစွန်သော အန္တိမစခန်းအဖြစ် သတ်မှတ်သည်ရှိသော် လူသားနှင့် အခြားဖြစ်ပေါ်ထင်ရှားခံတို့၏ ဆက်သွယ်နှီးနွယ်မှုသည် သစ်သီးနှင့် သစ်ပင်တို့၏ ဆက်နွယ်မှုကဲ့သို့ပင် ဖြစ်ချေမည်။ မောင်လာနာရူမီသခင်ကြီးက ဤသို့ မိန့်ဆိုထားသည်။
          အပေါ်ယံကြောလောက်ကိုသာလျှင် ရှပ်ကြည့်မည်ဆိုလျှင်သစ်သီးသည် သစ်ကိုင်းသစ်ခက်တို့ကို အမှီပြုပြီးမှ ပေါက်ဖွားသီးပွင့် လာရမည်ဟုပင် ထင်ရပေမည်။ သို့သော် သစ်ပင်၏ဖွံ့ဖြိုးတိုးတက်လာရသည့် အဖြစ်သနစ်အမှန်ကို အလေးအနက်တွေးခေါ်ဆင်ခြင်ကြည့်မည်ဆိုပါက သစ်ပင်၏ဗီဇသဘာဝတို့ ကိန်းအောင်းနေရာ သစ်စေ့မှစ၍ ပင်စည် ပင်မ အကိုင်းအခက် အရွက် ပန်းပွင့်တို့ဖြစ်ပြီးကာမှ နောက်ဆုံးအထွဋ်အထိပ်ကို အသီးအားဖြင့်သုံးသပ်ကြောင်းရှုမြင်သိရှိလာပေမည်။  ထို့ကြောင့် အသီးသည် ပင်စည်ပင်မ အကိုင်းအခက် အရွက်တို့၏ ရှေးဦးကျသည့် ပရမတ်ဓါတ်ခံအရင်းအမြစ်ဖြစ်ကြောင်းမှတ်ယူအပ်၏။ ထိုနည်းတူစွာပင် ပေါ်လွင်ထင်ရှားစွာရှိနေသည့် ရုပ်ကလပ်နှင့် နာမ်ဓါတ်တခုခုတို့၏ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းဆင့်ကဲဖြစ်စဉ်၏ ပရမတ်တရားအရ လူသား၌ အထွဋ်အထိပ်သို့ရောက်ရှိကာ အဆုံးသတ်၏။
          မောင်လာနာရူမီ၏ခံယူချက်အရ လူသား၏ဘ၀ရည်မှန်းချက်ပန်းတိုင်မှာ တဆင့်ထက်တဆင့်မြင့်တက်ရန် (တနည်း) ဆင့်ကဲတိုးတက်ရန် ကြိုးပမ်းအားထုတ်ခြင်းပင်ဖြစ်ပေသည်။
          ဘုံနိမ့်သတ္တလောကသားအဖြစ်ထိ ဆင့်ကဲတိုးတက်လာခြင်းကို ပြန်လမ်းဟု မှတ်ယူရမည်ဖြစ်သည်။
          (ဘာသာပြန်သူ၏မှတ်ချက်။ ။အာရဗီအခေါ် မေ့အ်ရဂ်ျ ဟူသောဝေါဟာရသည် အရှဂ်ျ ဟူသော ပုဒ်မှ ဆင်းသက်လာ၍ အထက်သို့ဆန်တက်သည်ဟုအဓိပ္ပါယ်ရ၏။ နဇူလ်ဟူသည်မှာ အောက်သို့စုန်ခြင်းဟု အဓိပ္ပါယ်ရ၏။ ဘုံနိမ့်သတ္တ၀ါအဖြစ်မှ ဘုံမြင့်သတ္တ၀ါ (လူသား)အဖြစ် ဆင့်ကဲတိုးတက်လာခြင်းဟူသည်မှာ ရုပ်သဘောအရ သန္ဓေသား၏ဆအဆင့်ဆင့် ဖွံဖြိုးမှုကို ဆိုလိုပြီး နာမ်သဘောအရ ဥာဏ်စဉ်စခန်း အဆင့်ဆင့်မြင့်တက်လာမှုကို ဆိုလိုသည်။)
          ထို့ကြောင့် အလ္လာဟ့်ထံတော်ပါးသို့ ဆန်တက်ခြင်းအရှဂ်ျသည် လူသား၏ဘ၀ရည်မှန်းချက်ပန်းတိုင်ဖြစ်ပေသည်။
          မြင့်မားသည့် လောကုတ္တရာစခန်းမှ ရှုမြင်သုံးသပ်မည်ဆိုပါက မမြဲသည့်လောကီစခန်းမှာ ဗလာနိတ္ထိဘာမှမရှိသည့် အမတ္တသာလျှင်ဖြစ်၏။ ထို့ကြောင့် လူသားသည် မမြဲရာအနတ္တသားကောင်အဖြစ်မှ မြဲရာ အသင်္ခတစခန်းတိုင်ဆင့်ကဲ တိုးတက်ကာလျှောက်လှမ်းနေသည်ဟုဆိုရပေမည်။
          ဤဆင့်ကဲတိုးတက်မှုဖြစ်စဉ်အား ပရမတ်ထိုးထွင်းဥာဏ်ဖြင့် ဆင်ခြင်ရှုမှတ်ပါမူ လူသားသည် မေ့အ်ရာဂ်ျ အဆင့်မြင့်ရာစခန်းများသို့ ဆန်တက်နေသည်ဟုသိရပေမည်။ သို့သော်ပုထုစဉ်တို့သည် သမိုင်းကြောင်းအရ မဟာတမန်တော်မြတ်ကြီးဟစ်ဂျရတ်မပြုမီ ရဂျဗ်လ ၂၇ နေ့၌  ရုပ်နှင့်နာမ်တွဲလျက် နိဗ္ဗာန်ညဥ့်ခရီးကြွမြန်းခဲ့သည့် အဖြစ်၏ပရမတ်သဘောကို ဥာဏ်မ၀င်ဆန့်ကြချေ။ မြေကြီးမှကောင်းကင်သို့ ဘိုရာက်စီးကာတက်ခဲ့သည် ဟူသော ရုပ်သဘောလောက်သာမြင်ကြသည်။
          မောင်လာနာရူမီသခင်ကြီးက မေ့အရာဂ်ျ ၏ အနှစ်အသားမှာ အလ္လာဟ်အရှင်မြတ်၏ဇားသ်တော် ဆွေဖတ်တော်ဘက်သို့ လူသား၏ပြင်းပြသည့် အလိုဆန္ဒတို့သည် ဆွဲငင်ခြင်းခံရကာ တိုးတက်မြင့်မားနီးကပ်လာမှုကိုဆိုလိုကြောင်းဖွင့်ဆိုထား၏။
          ပမာဆောင်ရသော်မြက်ပင်တပင်တွင် အချိုရည်ဖြစ်ထွန်းလာလျှင် ယင်းမြက်ပင်သည် ကြံပင်ဖြစ်လာသည် ဟုဆို၏။ယင်းဆင့်ကဲဖြစ်စဉ်အရ မြက်ပင်မှကြံပင်အဖြစ်ပြောင်းလဲလာခြင်းကို မြက်ပင်၏မေ့အ်ရာဂ်ျဟုခေါ်သည်။
          မြေပြင်မှဝေဟင်သို့တက်ခြင်းသဘောလောက်ကိုသာလျှင် မေ့အ်ရာဂ်ျဟုကောက်ယူမည်ဆိုလျှင် မိုးပေါ်သို့လေအဟုန်ကြောင့် မြင့်တက်သွးသည့်မြေခိုးမြေငွေ့များသည်လည်းမေ့အ်ရာဂ်ျပြုကြသည်ဟု ခေါ်ဆိုရမလိုဖြစ်နေပေမည်။
          မေ့အ်ရာဂ်ျ၏ပရမတ်သဘောကို လှစ်ဟရန်မောင်လာနာရူမီကဤသို့ဆိုထားသေးသည်။
          ကာလရေကြည်မှတိုးတက်ဖြစ်ပေါ်လာသည့် သန္ဓေသားသည် မိခင်၏သားအိမ်အတွင်းမှနေ၍ ဆင့်ကဲတိုးတက်ပြီး အသိတရားရှိသည့်လူသားဖြစ်လာသည့် ဖြစ်စဉ်ကို သန္ဓေသား၏ မေ့အ်ရာဂ်ျဟုခေါ်ဆိုနိုင်သည်။ လူသား၏ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်တွင် မန်ဇင်အဆင့်စခန်းများရှိသည်။ဤတိုးတက်သည့်စခန်းမန်ဇင်များကို မြေမှမိုးပေါ်သို့တက်ရာ စခန်းများအဖြစ်လောက်သာ စောကြောမိလျှင် ဆင့်ကဲတိုးတက်မှုအစဉ်၏ပရမတ်သဘောကို မြင်နိုင်မည်မဟုတ်ပေ။
          ဆင့်ကဲတိုးတက်ဖွံဖြိုးခြင်း စိတ်အစဉ်ဥာဏ်စဉ်စခန်းတိုးတက်မြင့်မားလာခြင်း ဇာတ်သ်တော် ဆွေဖတ်တော် အပါးသို့တိုးတက်ကာ ချဉ်းနင်းနီးကပ်လာခြင်း မြင့်မားသော ဓမ္မစခန်းမန်ဇင်ကို ပေါက်ရောက်အောင်နိုင်ခြင်းများ ဖြစ်ပါလျှက် ရုပ်သဘောကို မလွန်ဆန်နိုင်သော စိတ်အစဉ်တွင် မောဟထုံမွန်းနေသည့်တရားသေ ၀ါဒီတို့သည် ဘိုရာက်၏ ပရမတ်သဘောအားခြေလေးချောင်းနှင့် အတောင်တပ်ထားသော မြင်း သတ္တ၀ါလောက်သာမှတ်ယူနေခြင်းကို မောင်လာနာရူမီသခင်ကြီးက အံ့သြမဆုံးဖြစ်ခဲ့ရသည်။
          ဘိုရာက်၏အနှစ်သဘောမှာ မမြဲရာသင်္ခတမှသည် မြဲရာအသင်္ခတကို တိုးတက်မြင့်မားလာသည့်ဥာဏ်စဉ်အား လျှင်မြန်သည့် ယာဉ်အဖြစ်သင်္ကေတဆောင်ထားချက်ဖြစ်၏။
          ဆွေဖတ်သ်ဂုဏ်တော်အားအောင်နိုင်ပေါက်မြောက်ထားသည့်အရိယာတပါးသည် မြေကြီးမှ မိုးကောင်းကင်ရှိစခန်းများကို မဆိုထားနှင့် ယင်းတို့ထက် ကျော်လွန်၍ အမြင့်မားဆုံးသော မန်ဇိလ်စခန်းကိုပင်ပေါက်ရောက်နိုင်ပေသည်။
          မေ့အ်ရာဂ်ျခရီးကိုခြေနှင့်သွား၍ မပေါက်ရောက်နိုငပေ။ ဤ ခရီးစဉ်၏ပရမတ်သဘောမှာ မမြဲရာအနိစ္စ၊ ဒုက္ခ၊ အနတ္တ မှမြဲရာနိစ္စ၊ သန္တိသုခ၊ အသင်္ခတ သို့ပြောင်းလဲမြင့်တက်ခြင်းဖြစ်၏။ တနည်းအားဖြင့် မရှိ နိစတီ မှ အရှိ ဟတ်စတီ သို့ဖြစ်ပေါ်ထင်ရှားလာခြင်းပင်ဖြစ်သည်။
          မောင်လာနာရူမီသခင်ကြီးက သူ၏ဖွင့်ဆိုချက်ကို ဤသို့နိဂုံးချုပ်ကာနှုတ်ခမ်းသပ်ထား၏။
          ကျွန်ုပ်သည် ရှင်းရှင်းလင်းလင်းတင်ပြလိုက်ခြင်းဖြင့် အယူအဆလွဲမှားနေမှုတို့အား ဖယ်ရှားပြီး မေ့အ်ရာဂ်ျ၏ နက်နဲသောလျှို့ဝှက်ချက်များကို ဖွင့်ချလိုက်ပေပြီ။ ကြားရသူအပေါင်း၏ဥာဏ်တွင်မှုံမွားသော အခိုးအငွေ့များကင်းစင်ပါလျှင် ကျွန်ုပ်ဆိုလိုသည့် အကြောင်းအရာအား နားလည်သဘောပေါက်မည်မှာ အမှန်ပင်ဖြစ်ပေသည်။ 
          မောင်လာနာရူမီသခင်ကြီး၏မစ်န၀ီမအန၀ီ ဓမ္မလင်္ကာကျမ်းတော်ကြီး၌ မျက်မမြင်ရှိခ် ဥပစ္ဇျယ်ဆရာတဦးက ဘာယဇီးဒ်ဘတ်စ်တာမီ(ရ-ဟ) သခင်ကြီးအားအထက်ပါတမန်တော်မြတ်၏ ဟဒီးစ်သြ၀ါဒတော်နှင့်ပတ်သက်၍ ဖွင့်ဆိုခင်းကျင်းခဲ့ပုံကို ဖော်ပြထား၏။
          အခါတပါး၌ အွမ္မသ်(မဟာတမန်တော်မြတ်၏လမ်းစဉ်ကိုလိုက်နာသူတို့၏) ရှိခ် (လမ်းညွှန်ဆရာ)ဖြစ်တော်မူသော ဟဇရတ်ဘာယဇီးဒ်ဘတ်စ်တာမီ(ရ-ဟ)သခင်ကြီးသည် ဟဂ်ျနှင့် အွမ္မရာ၏ဘာဝနာစခန်း အဆင့်ဆင့်တို့ကို ဆောက်တည်ကျင့်သုံးရန် အလို့ငှာ အက္ကာရွှေမြို့တော်ရှိရာဘက်သို့ ဒေသစာရီကြွချီတော်မူခဲ့၏။ ယင်းကဲ့သို့ ဓမ္မခရီးနှင်စဉ်မိမိဖြတ်ကျော်ခဲ့ရသည့် ရပ်တိုင်းရွာတိုင်း၌  အဟလေ့အလ္လာဟ်အလ္လာဟ်အချစ်တော်များနှင့်အလ္လာဟ်ရှာသူအလ္လာဟ့်လူများအားရှာဖွေချဉ်းကပ်နီးစပ်မှု မိုဟာဘတ်သ်ကိုရအောင်ယူပြီး ၀စီလာသဟဲအမြဲထားကာ ဖိုက်ဇ် ဓမ္မဓါတ်လှိုင်းတို့အား ခံယူလေ့ရှိ၏။
          ခေဇေရ်တရီကတ် သူတော်စင်ကို မိုရရှိခ်ဥပစ္ဇျယ်ဆရာတင်၍ တရားစခန်းပေါက်မြောက်မှုအတွက် လမ်းညွှန်မှုများရနိုင်မည်ဟူသောအမိန့်ကို အသဲ၌ သံမှိုနှက်သကဲ့သို့စွဲမြဲစွာခံယူပြီးသကာခ ခရီးစခန်းတိုင်းတွင် သာသနာ့အာဇာနည်အရိယာ ကာမီလ် သခင်ကြီးများနှင့်တွေ့ဆုံရန်ဘာယဇိဒ်သခင်(ရ-ဟ)က ရှာဖွေခဲ့၏။
          လမ်းခရီး၌ မြောက်များစွာသောပရမတ်ဥာဏ်ရှင် အရိယာသူတော်စင်ကြီးတိုးအား တွေ့ကြုံပြီးနောက်ခရီးစခန်းတခု၌ ဘုဇရွတ်ဂ်အရိယာ ပုဂ္ဂိုလ်မြတ်တပါးအားတွေ့ဆုံခဲ့၏။ အဆိုပါပုဂ္ဂိုလ်ထူးသူမြတ်ကြီးမှာ မံသစက္ခုမျက်စိနှစ်ကွင်း ရုပ်အလင်းမရရှာသည့် မျက်မမြင်တဦးဖြစ်သည်။ သို့သော် အဆိုပါသူမြတ်ကြီး၏ဟဒယနှလုံးမှဝိဇ္ဇာ အကြည်ဓါတ်သည် နေမင်းကြီးအလားထွန်းလင်းတောက်ပြောင်ဝင်းပလျှက်ရှိ၏။
          ဟဇရတ်ဘာယဇီးဒ်ဘတ်စ်တာမီ(ရ-ဟ)သခင်ကြီးသည် ချက်ချင်းဆိုသလိုပင် မျက်မမြင်သခင်ကြီးမှာ အက်ထဘ်ဇမာနာ ဤခေတ်သမယ၏ ရဟန္တာချုပ်ကြီးဖြစ်ကြောင်းထင်မြင်လာသဖြင့် သခင်ကြီးထံတော်ပါးသို့ ခန့်ငြားရိုကျိုးစွာ ချဉ်းကပ် ၍ဝေယျာဝစ္စပြုစုလေတော့သည်။
          သခင်ကြီးကလည်း ဟဇရတ်ဘာယဇီးဒ်ဘတ်စ်တာမီ(ရ-ဟ)သခင်ကြီးအား အကပ်မခံဘဲ ရှောင်ထွက်သွား၏။ဟဇရတ်ဘာယဇီးဒ်ဘတ်စ်တာမီ(ရ-ဟ)သခင်ကြီးကလည်း မျက်မမြင် သူတော်စင်ကြီးကို မျက်ခြေအပြက်မခံဘဲ နောက်သို့တကောက်ကောက်လိုက်လေတော့၏။ ဇွဲနဘဲကြီးစွာ ရှော့က်ကော့က်နှင့် မိမိနောက်သို့လိုက်နေသော ဟဇရတ်ဘာယဇီးဒ်ဘတ်စ်တာမီ(ရ-ဟ)သခင်အား  နောက်ဆုံးတွင် မျက်မမြင်သခင်ကြီးက ချဉ်းကပ်ခွင့်ပြုလိုက်၏။ ထို့နောက် တကြိမ်တခါမှ မတွေ့ဆုံဖူးသည့် ဘာယဇီးဒ် အား အမည်တပ်ခေါ်ကာဤသို့မေးလိုက်၏။
မျက်မမြင်သခင်ကြီး ။        ။အို ဘာယာဇိဒ် ခရီးရိက္ခာထုတ်ဆွဲကာဝင်ကာနဲ့ ဘယ်ခရီးများနှင်ဖို့ အဓိဌာန်ပြီးထွက်ခဲ့ပါသနည်း။
ဘာယာဇိဒ်သခင်က ။        ။တပည့်တော်သည် မက္ကာရွှေမြို့တော်ရှိကာအ်ဘာရှရိဖ်ဝတ်ကျောင်းတော်သို့သွား၍ ဟဂ်ျဘာဝနာ ပွားများရန်ရည်စူး၍ ထွက်ခဲ့ပါသည်။
မျက်မမြင်သခင်ကြီး ။        ။အို ဘယာဇီဒ် အသင် ဤခရီးနှင်ရန်အတွက် အဘယ်ရိက္ခာများပါရှိပါသနည်း။
ဘယာဇိဒ် ။           ။ကျွန်တော်မျိုးထံတွင် ငွေဒင်္ဂါး ၂ ပြားကို ခြုံစောင်ချုပ်ရိုးတွင် ထည့်ချုပ်ထားပါသည်။
မျက်မမြင်သခင်ကြီး ။        ။ကောင်းလေစွဘယာဇိဒ်၊ယခုသင်ငါ့ကို ၇ ပတ်တ၀ါဖ်လုပ်ပါ။ သင်ယခုသွားရောက်ဝတ်ပြုမည့်ဟဂ်ျထက်ဤ လုပ်ရပ်က ဟကီကတ် ပရမတ် သဘောတွင် သာလွန်မြင့်မြတ်ကြောင်းမှတ်သားပါလေ။ အို ရက်ရောသူ ဘယာဇိဒ် သင်ဆောင်လာသည့်ငွေဒင်္ဂါး ၂ ပြားကို ကျွန်ုပ်ရှေ့ဤချလော့။ အသင်ဟဂ်ျပြုပြီးပြီဟု ယုံကြည်လေလော့။အသင်၏လိုအင်ဆန္ဒ (အေရာဒါ)ပြည့်ဝပြီဟုမှတ်လော့။အသင်အွမ္မရာ(ဟဂ်ျအငယ်စား)လည်းပြုပြီးပြီဟုသဘောပေါက်လော့။သင့်အတွက်တသက်တာဖူလုံပေ
ပြီ။ဟက်(က်)တည်းဟူသောပရမတ္တသစ္စာဓမ္မ ဆိုသည်မှာသင်၏ခန္ဓာအတွင်းရှိ နှလုံးဥာဏ်၌ ကိန်းဝပ်စံပယ်လျှက်ရှိသော အလ္လာဟ့်ဗီဇအသင်္ခတဓါတ်ကို ဖူးတွေ့ရမှုကို ဆိုလိုခြင်းဖြစ်၏။  
          အလ္လာဟ့်အိမ်တော်ဟုသမုတ်ခြင်းခံရသော ကအ်ဘာကျောင်းတော်ကို ပထ၀ီခါကီဓါတ်ဖြင့် တည်ဆောက်ထား၏။ကျွန်ုပ်အားဖြစ်ပေါ်ထင်ရှားစေတော်မူသောအသျှင်သည်လည်း ကျွန်ုပ်၏ပထ၀ီမြေရုပ်တည်းဟူသော ဂျစ္စမေခါကီ ကိုလည်း မြေဓါတ်ဖြင့်ပင်ထင်ရှားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်၏ခန္ဓာကိုယ်သည် ကအ်ဘာ၏ လျှို့ဝှက်နက်နဲချက်တခုပင်ဖြစ်၏။ အသင်မည်သည့်အချိန်အထိ ကအ်ဘာ၏ ဗဟိဒ္ဓပြင်ပသဏ္ဍာန်ကိုသာလျှင် ပတ်ချာလှည့်ကာ နေအုံးမည်နည်း။ ယင်းအိမ်တော်အတွင်းသို့ မည်သည့်အကြောင်းကြောင့်မ၀င်ရောက်သနည်း။ အကယ်စင်စစ် အိမ်တော်အတွင်း၌ ရုပ်နာမ်ဓမ္မသင်္ခါရတို့နှင့်ကင်းစင်တော်မူသော ဖြစ်ခြင်း၊ပျက်ခြင်း စိုးစဉ်းမျှမကပ်ညိသော အိုခြင်း၊နာခြင်း၊သေခြင်း၊ပဋိသန္ဓေနေခြင်းမရှိသော ဟိုင်းယွန်း အသင်္ခတဂုဏ်တော်ရှင် အလ္လာဟ်မှ အပ မည်သူမျှမရှိချေ။ အိမ်ရှင်ကိုတွေ့လိုလျင် အိမ်တွင်းသို့ဝင်ရပေအံ့။
        အလ္လာဟ်အသျှင်၏ အချစ်တော်ခလီလွလ္လာဟ်ဘွဲ့ကို ရရှိသည့်အီဗရာဟင်တမန်တော်ကြီးတည်ဆောက်ခဲ့သည့် ကအ်ဘာရှရစ်ဖ်ကို အသျှင်မြတ်သည် ငါ၏အိမ်တော်ဟု တကြိမ်တည်းသာ မိန့်ဆို၍ ရှုစားတော်မူခဲ့၏။ကျွန်ုပ်ကိုမူကား ငါ၏ဘန္ဒာဟုမြွက်ဆို၍ အကြိမ် ၇၀ တမ်းတသတိရသည်။ (စဘ်တရ်ဘားရ်ယာဒ်ဖရ်တယား)။
        ထို့ကြောင့် ကျွန်ုပ်အား ခေစမတ် အလုပ်အကြွေးပြုခြင်းသည် အလ္လာဟ်အသျှင်မြတ်အား တ၀ဖ်လုပ်ခြင်းနှင့် ချီးမွန်းထောပနာပြုခြင်းကဲ့သို့သော အကျိုးရလဒ်တို့ပေါ်ထွန်းလတ္တံ့။ ကျွန်ုပ်သည် အလ္လာဟ်အသျှင်မြတ်နှင့်တသီးတခြားရပ်တည်နိုင်ခြင်းငှာ မစွမ်းသည့် အနတ္တသားကောင် (ဖနာကောင်)မျှသာဖြစ်ပြီး ကျွန်ုပ်၏ မမြဲသောရုပ်နာမ်ဓမ္မသင်္ခါရခန္ဓာတို့  ခေတ္တခနမြဲနေရခြင်းမှာ ကျွန်ုပ်၏ခန္ဓာတွင်း၌ ကိန်းဝပ်စံပယ်လျှက်ရှိသော အလ္လာဟ့်ဗီဇ အသင်္ခတဓါတ်ဖြစ်သည့် ရူဟ်ဟေ့ကအ်ဘာ ကြောင့်ဖြစ်၏။ထို့ကြောင့် ကျွန်ုပ်သည် အလ္လာဟ်တကွဖြစ်တည်နေ၏။ ကျွန်ုပ်သည် ဟက်(က်) ပရမတ္တသစ္စာ နှင့်တသီးတခြားမဟုတ်ကြောင်းအသင်သိထားပါလော့။
        မံသစက္ခုရုပ်မျက်လုံးနှစ်ကွင်းရုပ်အလင်းရနေသော အို-ဘယာဇိဒ် သင်၏နှလုံးသား၌စစ်မှန်သောဝိဇ္ဇာဥာဏ်အလင်းတို့ထွန်းလင်းလာအောင်ကိလေသာအ
မှောင်တိုက်ကို ဖွင့်လှစ်ကာကျွန်ုပ်ဘက်သို့ ၀ိပဿနာဥာဏ်တင်၍ ရှုလော့။ဘရှရ် ရုပ်ကြမ်းခန္ဓာဆောင်ထားသောလူသား၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်၌ အလ္လာဟ်အသျှင်မြတ်၏နူရီတော်ကွန့်မြူးတည်ရှိကြောင်းကို အသင်ထိုးထွင်းသိမြင်ပေလိမ့်မည်။ ဤ မည်သော ဥာဏ်မျက်စိနှင့်ယှဉ်၍ ကျွန်ုပ်အားရှုမြင်ပါက အလ္လာဟ်အသျှင်မြတ်၏ နူရီတော်ကိုလည်း ဖူးမြင်ရပေအံ့။ ထို့ပြင်ပရမတ်သဘောကို လှစ်ဖွင့်ရမည်ဆိုပါက ကျွန်ုပ်အား လှည့်ပတ်ခြင်းသည် (အလ္လာဟ်ကိုသိသော) အသိနှင့် ပြုခြင်းဖြစ်ပါက ကအ်ဘာကိုတ၀ါဖ်လုပ်ခြင်းပင်မည်၏။
        အခါတပါး၌ဂျိုနိုက်ဘဂ်ဒါဒီသခင်ကြီးသည် တကိုယ်တည်း ဟဂ်ျဘာဝနာပွားများရန် မက္ကာရွှေမြို့တော်သို့ခရီးထွက်ခဲ့၏။ မက္ကာရွှေမြို့တော်သို့ရောက်ပြီးနောက် သခင်ကြီးသည် ခေတ္တ ခန အနားယူပြီး မိမိထုံးစံအတိုင်း ညဥ့်နက်မှာ တ၀ါဖ်လုပ်လေသည်။ ယင်းသို့တ၀ါဖ်လုပ်ရန်ကအ်ဘာကျောင်းတော်ပရ၀ုဏ်အတွင်းသို့ တညဥ့်သောအခါတွင် သခင်ကြီးကြွတော်မူခိုက် မမျှော်လင့်ဘဲ လုံမပျိုတဦးအားတွေ့ဆုံခဲ့၏။ညဥ့်နက်သန်းကောင် ည အချိန်မတော်၌အဆိုပါ မိန်းမပျိုသည် ရှအီရ်လင်္ကာတပုဒ်ကို ရွတ်ဆိုရင်း တ၀ါဖ်လုပ်နေ၏။
          ရှအီရ်လင်္ကာ၏အစချီပိုဒ်အဓိပ္ပါယ်မှာဤသို့တည်း-
ကျွန်မသည် အစ်ရှ်ခ်တည်းဟူသော အချစ်ကို မျိုသိပ်ဖုံးကွယ်ထားရန်ကြိုးစားသော်လည်းမရ။ ကျွန်မ၏ချစ်သူသူ သည် ဖုံးကွယ်ခံရသူမဟုတ်ပါ။ယခုတော့ဖြင့် သူသည် ကျွန်မထံပါးတွင် ယာယီတဲနန်းထိုး၍ပေါ်လွင်ထင်ရှားစွာရှိနေပေပြီ။ ကျွန်မ၏အလိုရမ္မက်ပြင်းထန်လာလျှင် သူ့အားသတိရခြင်းဖြင့်စိတ်အတွင်း၌ ရောင်ခြည်လင်းဝင်းလာ၏။ကျွန်မသည် ချစ်သူနှင့်နီးပါးလာလျှင် ချစ်သူသည် ကျွန်မအနားနီးကပ်၍လာသည်။ သူပေါ်လွင်ခင်ရှားလာလျှင် ကျွန်မသည် သူ့အတွင်း၌ နစ်မြုပ် ဖနာ ပျောက်ကွယ်သွား၏။သူ့အတွက်ကြောင့်သာလျှင် ကျွန်မအသက်ရှင်သန်နေခြင်းဖြစ်သည်။ သူသည် ကျွန်မအား အောင်မြင်ခြင်း၏ အထွဋ်အထိပ်သို့ပို့ဆောင်ပေး၏။ ထိုအခါ ကျွန်မသည် ခံစားမှုအပြည့်အ၀နှင့် မတ်စ်တ် ပီတိတို့က ဖြာဝေလာ၏။
          အထက်ပါလင်္ကာတို့ကိုကြားလိုက်ရသော ဂျိုနိုင်သခင်ကြီးသည် အို-လုံမပျို။ ကျက်သရေမင်္ဂလာဘရကတ်အဖြာဖြာနှင့်ပြည့်စုံတော်မူ၍ သန့်စင်ထွဋ်မြတ်တော်မူသော ကအ်ဘာကျောင်းတော်ပရ၀ုဏ်အတွင်း၌သင်လာ၍ ချစ်တေးကို သီကျူးပြီး ချစ်ရေးဆိုနေတာ အလ္လာဟ်အသျှင်မြတ်ကို မကြောက်ရွံ့လို့လားကွဲ့ ဟု မိန့်ဆိုလိုက်ရာ လုံမပျိုက-
အို-ဂျိုနိုက်ဒ်။အလ္လာဟ်အသျှင်မြတ်ကို ခန့်ငြားရိုသေမှုမရှိရင်အအိပ်ပျက်ခံပြီးအလ္လာဟ့်အိမ်တော်အပါးမှာ ကျွန်မကို ရှင်တွေ့ရပါ့မလား။ အလ္လာဟ်အသျှင်မြတ်ကိုကြောက်ရွံ့ခန့်ငြားရိုသေသည့်စိတ်က ကျွန်မအားမိမိနေအိမ်မှထွက်ပြေးခိုင်းထားတာ။ ရှင်မြင်တဲ့အတိုင်းပါပဲရှင် ။သူ့(အလ္လာဟ် အသျှင်မြတ်အာ ဟုဝ -သူ- ဟူ၍ ဆူဖီသူတော်စင်တို့က ကျမ်းမြတ်ကုရ်အန်၌လာရှိသည့်အတိုင်းခေါ်ဆိုတတ်၏) အား ချစ်သည့်စိတ်ကပင်ကျွန်မအားပြေးလွှားခိုင်းထားတာပါ။ သူ့အားမြတ်နိုးတဲ့စိတ်ကပဲကျွန်မကို ပူဆွေးခိုင်းထားတာပါရှင်။
(ဘာသာပြန်သူ၏မှတ်ချက်။ ။အစ်ရှ်ခ်ဟူသော ပုဒ်မှာ မေဇာဂျီ လောကီနှင့် ဟကီကီ လောကုတ္တရာဟူ၍ အဆင့်နှစ်မျိုးရှိ၏။ လောကီအချစ်ဖြစ်သည့် ၅၂၈ သွယ်သော မေတ္တာနှင့် ၁၅၀၀မေတ္တာတို့အား ပယ်ခြင်းသတ်ခြင်းမရှိဘဲ လောကုတ္တရာမေတ္တာဖြစ်အောင် မြှင့်တင်ကျိုချက်ပြောင်းလဲပေးရသည်။ဤသည်မှာဆူဖီတို့၏ကီမီယာ အဂ္ဂိရတ် ပညာ၏ ပရမတ်အဓိပ္ပါယ်ပင်ဖြစ်၏။ နှလုံးသားတည်းဟူသောလုံကို ဒမ်ဗဒမ် တည်းးဟူသော အာနာပါနလေရှူကမ္မဌာန်းဖိုဖြင့် ထိုးကာ ကိလေသာ အညစ်အကြေးတို့အား သန့်စင်စေပြီး ဇဗူရစ်ရွှေစင်တည်းဟူသော အလ်ဆလာမ် သန္တိသုခကိုဖြစ်ပေါ်စေသော ဟက်(က်)အသင်္ခတဓါတ်အား ဖော်ထုတ်ယူရ၏။ ထို့ကြောင့် ဆူဖီတို့၏ ဓမ္မပုံဆောင်ပုံပြင် လင်္ကာ ကဗျာတို့တွင် အစ်ရှ်ခ် ဟူသည့် ပုဒ်ကို တွေ့တိုင်း မေတ္တာစေတောဝိမုတ္တိ ဟုဆိုအပ်သော ကိလေသာ ကိလေသာအနှောင်အဖွဲ့မှလွတ်မြောက်၍ အာသဝေါတရားတို့ ကင်းရာ ကုန်ရာ အမတ အမြိုက်နန်းတိုင်စိုက်ရောက်ပေါက်မြောက်နိုင်သော တန်ပြန်အကျိုးမမျှော်သည့်လောကုတ္တရာပရမတ်အချစ်စစ်အဖြစ် မှတ်ယူအပ်၏)
          ယင်းသို့ပြောဆိုပြီးနောက်မိန်းမပျိုက သခင်ကြီးအားဤသို့မေးလိုက်သည်။အို-ဂျိုနိုက်ဒ် အသင်အလ္လာဟ်အသျှင်မြတ်အား တ၀ါဖ်လုပ်နေတာလား ။အလ္လာဟ့်အိမ်တော် ဘိုင်တွလ္လာဟ်ကို တ၀ါဖ်လုပ်နေတာလား ဟုမေးလိုက်သည်။ ဂျိုနိုက်ဒ်သခင်ကြီးက ဘိုင်တွလ္လာဟ်ကိုတ၀ါဖ်လုပ်နေတာပါ ဟုပြန်ဖြေလိုက်၏။
          ထိုအဖြေကိုကြားလိုက်ရသော လုံမပျိုလေးသည် မိုးပေါ်သို့မျက်နှာမူ၍-
သန့်ရှင်းစင်ကြယ်တော်မူသောအသျှင် -အသျှင့်အလိုတော်မှာ အံ့သြစရာကောင်းလှပါပေသည်။ ဖန်ဆင်းခံများသည် ကျောက်ခံအလား အသိတရားအမှောင်ကျနေ၍ ကျောက်ခဲကိုသာလျှင် တ၀ါဖ်လုပ်နေပါပကောလား ဟုဆိုကာ-အောက်ပါလင်္ကာကိုရွတ်ဆိုလေသည်။
လူသားများသည် ကျောက်ပုံကျောက်ခဲတို့ကိုတ၀ါဖ်လုပ်ပြီးအလ္လာဟ်၏ နီးစပ်မှုကို ရှာကြတယ်။ယင်းသူတို့၏ စိတ်များသည် ကျောက်ခဲထက်ပင်သာ၍ မာကျောသောကြောင့်သာလျှင် စိတ်အားငယ်စွာတမောတပန်းလှည့်ပတ်ရင်းနှင့် အလ္လာဟ်အသျှင်၏နီးစပ်မှုကို ရရှိနေပြီဟုထင်မှတ်ကြ၏။ အကယ်၍ယင်းသူတို့သည် မှန်ကန်သောအချစ်စိတ်နှင့် မြတ်နိုးစိတ်ရှိကြပါမူ ယင်းတို့၏ကိုယ်ပိုင်အရည်အသွေးဂုဏ်သတ္တိများဖြစ်သည့် ဆွေဖတ်သ် တို့အား ဆိတ်သုန်းပျောက်ကွယ်စေပြီး(တနည်း)မိမိ၏အတ္တကို ခ၀ါချပြီး မိမိချစ်သူ၏ ဆွေဖတ်သ်(ဂုဏ်တော်များ)ကို  ပိုင်ဆိုင်သူအဖြစ် အကယ်စင်စစ်ရောက်ရှိပေမည်။
        မိန်းမပျိုလေး၏လင်္ကာကိုကြားလိုက်သည်နှင့် ဂျိုနိုက်ဒ်သခင်ကြီးတွင် လောကုတ္တရာဈာန်အရှိန်အဟုန်ပြင်းထန်စွာစီးဝင်လာပြီး သတိလစ်မေ့မျောသွားတော့၏။ သတိပြန်ရလာသောအချိန်တွင် မိန်းမပျိုကိုလိုက်ရှာရာ မတွေ့ရတော့ချေ။

----------------------------------------------------------------------------------------------------------------------------

Friday, May 10, 2013

စေ့မအ်


(1)ဟားလ်(ပီတိ အခြေနေ)၌ အဘယ့်ကြောင့်ယိမ်းနွဲ့ လှုပ်ရှားမှု မပြုခဲ့ပါသနည်း ဟုမေးမြန်းခဲ့သောအခါ ဂျိုနိုက် ဘဂ်ဒါဒီ သခင်က ကျမ်းမြတ်ကုရ်အာန် ၏ အောက်ပါအာယသ်ကို တင်ပြခဲ့သည်။
                 ။။။သို့ရာတွင် အသင်တို့က အလွန်မြဲမြံ ခိုင်ခံ့သော အစိုင်အခဲများဖြစ်သည်ဟု ထင်မှတ်သည့် တောင်များအားမိုးတိမ်များလွင့်ပါးဘိသကဲ့သို့ လွင့်ပါးသွားသည်ကို အသင်တို့တွေ့မြင်ရပေမည်။။။
ဓမ္မခရီးပေါက်နေသူ ၏ ယိမ်းနွဲ့ လှုပ်ရှားခြင်း၌ ပြင်ပဗဟိဒ္ဓိအားဖြင့်စည်းဝါးကျကျ လှုပ်ရှားမှုမရှိချေ။ အတွင်း အဇျွတ္တ ၏ လှုပ်ရှားမှုသာလျင် ရှိသည်။ဝဟာဒသ် ၏စခန်းသည် ၄င်း၏လှည့်ပတ်ယိမ်းနွဲ့ခြင်း ၌ ခသ်ရာသ်
(ကွဲပြားခြားနားမှုအများ)၏ အများအပြားဖြစ်လာသည်။ ဖွင့်ထားပေးခြင်း ခံရ သော မျက်စိများကသာလျင် ဤသည်ကို မြင်နိုင်ကြပေသည်။ဤယိမ်းနွဲ့မှုသည် ကွန်း ဖယကူးန်(ဖြစ်စေ။ထိုအခါ ဖြစ်လာသည်)။ဖြစ် စဉ်အတွင်း အဇျွတ္တ မှ ဗဟိဒ္ဓ(အခြေအနေ)သို့ ဿာသ်တော်၏ လှုပ်ရှားမှုလည်းဖြစ်သည်။ ခေတ်ကာလတိုင်း၏ကုသုဗ် များသည် သဏာန်တူများ၏ ပြန်လည်ရှင်သန်မှုဖြစ်စဉ်၌ မိမိတို့ကိုယ်ကို လော ကကြီး၏ အနုမြူမှုန်များနှင့်အတူ ထပ်တူပြုကြသည်။
      အချို့သော အောင်လီယာတို့သည် ဓမ္မ ဂီတကို နားဆင်နေစဉ်(စေ့မအ်ပြုနေစဉ်)ကာလ၌ နဖီလ်ကျင့်စဉ်ဖြင့် အရှင့်အနီးအပါးခစားခွင့်စခန်း (ကုရ်ဗိ န၀ါဖိလ်) အခြေအနေသို့ရောက်နေကြ သည်။ ၄င်း တို့သည် အရှင်မှတဆင့်(အရှင်နှင့်တကွ) ပြောဆိုကြပြီး အရှင်မှတဆင့် (အရှင်နှင့်တကွ)နား ဆင်ကြ သည်။ ၄င်းတို့သည် အမှန်တရားဖြစ်လာပြီး အရှင်မြတ်သည် ၄င်းတို့၏(လုပ်ဆောင်မှုဆိုင်ရာ)ကိရိယာ ဖြစ်လာသည်။
(ငါသည် ပြောဆိုသူ၊ငါသည် ကြားနာသူ ဖြစ်ပြီး လောကအပေါင်း၌ အခြားဟုသည် အဘယ်သူပါနည်း)
ရေပုဖောင်းသည် မိမိနှင့် ပင်လယ်သမုဒ္ဒရာ ၏ ထပ်တူညီမှုကိုသိရှိသဘောပေါက်သွားလေသည်။
          အချို့အောင်လီယာတို့သည်(ဖရဇ်ကျင့်စဉ်ဖြင့် အရှင့်အနီးအပါး ခစားခွင့်ရှိပြီး) ကုရ်ဗိဖရိုင်ယဒ် အခြေအနေ သို့ရောက်သွားကြပြီး ထိုအခြေအနေတွင် ၄င်းတို့သည် သီဆိုသူ၏ နှုတ်လျှာဖြင့်ပြောကြားပြီး ၄င်းတို့၏ နားဖြင့် နားဖြင့် နားဆင်တော်မူသော အရှင်မြတ်ကို ထိုးထွင်းညာဏ်ဖြင့် သိမြင်ကြကုန်သည်။ ဆိုလိုသည်မှာ အရှင်မြတ်သည် အမှန်တရားဖြစ်ပြီး အဗ်ဒ်(ဖန်ဆင်းခံကျေးကျွန်) သည် အရှင်မြတ်၏ အသုံးပြုခံကိရိယာ ဖြစ်လာသည်။(ပင်လယ်သမုဒ္ဒရာ သည် ရေပူပေါင်းနဲ့တကွ မိမိ၏ တစ်ခုတည်းဖြစ်မှုကို သိရှိသတိပြုမိသွားသည်။သီဆိုသူသည် ဆိုင်းနိုင်း(ဒေသ) မှ သစ်ပင်(လောင်ကျွန်းလျက်ရှိသော ခြုံပုတ်။ မောရှည် တမန်တော်သည် အလ္လဟ်နှင့်ဆက်သွယ်မိစဉ် ခြုံပင်တွင် နူရီတော်ကွန့်မြူးပြီးမိးတောက်သော အပင်)
ဖြစ်လာပြီး နားဆင်သူသည် မူစာ(မောရှည်) ဖြစ်လာသည်။သို့မှသာ သူ၏ခန္ဒာအင်္ဂါအားလုံးသည် သူ ၏ နားဖြစ်လာပြီး(သီဆိုသူ၏) ပြောစကားကို (ထိုနားဖြင့်ပင်)ကြားရလေသည်။ သူ ဟူသည် ပျောက်ကွယ်သွား     လေသည်။
 အချို့သော အောင်လီယာတို့သည်( အိုင်း - ဗ - အိုင်း) အခြေအနေသို့ ရောက်ရှိကြသည် ။ ထို အခြေအနေ တွင် ၀ဟာဒါတ် ၏ အနေအထားသည် ၄င်းတို့ကို လွှမ်းမိုးထားသည်။ထိုအခါ ၄င်းတို့သည် (အိဗ်နု ၀ပ်တ်) ဖြစ်လာကြပြီး သီဆိုသူနှင့် သီဆိုမှုကို ၄င်းတို့၏ အမှန်အရှိတရား အဖြစ်လည်းကောင်း ၊၄င်းကောင်းတို့ ကိုယ်တိုင်ကို သီဆိုနေသူ ကိုယ်တိုင်အဖြစ် လည်း ကောင်း တွေ့ရှိ ကြသည်။ ၄င်း တို့ သည် သီဆိုသူ၊ တေး ကဗျာ၊လှုပ်ရှားမှုများ နှင့်ကိရိယာ တန်ဆာပလာများကို ၀ဟ်ဒါနီယတ်(တစ်ခုတည်းသဘော ဧကောဓမ္မော)၏ပြင်ပ၌ကြွင်းကျန်တည်ရှိနေမှုအဖြစ်ဘာတစ်ခုကိုမှမတွေ့ရတော့ချေ။သို့သော်အဘွတ်ဝါတ် အဆင့် သည်ပို၍မြင့်မားလာသည်။သူသည်ပေါင်းစည်းညီညွတ် သွားခြင်း(jum Ul Jum) စခန်းကို ထိုးထွင်း ညာဏ်ပေါက်သွားပြီးနောက်ယင်းထက်ပိုနိမ့်သောဖရ်က်(ကွဲပြားခြားနားခြင်း)၏အဆင့်စခန်းသို့ သက် ဆင်း လာ သည်။ထိုအခါသူက စေ့မအ် ကိုလွှမ်းမိုးထားပြီး စေ့မအ် က သူ့ကို မလွှမ်းမိုးနိုင်တော့ပေ။
       (၂)(လောကုတ္တရာဈာန်)ပီတိ (ecstacy) သည် ဓမ္မဂီတကိုနားဆင်ရာမှ သက်ဝင်လှုပ်ရှားလာသည့် စည်းဝါးတကျလှုပ်ရှားမှုပင်ဖြစ်သည်။တမန်တော်(ဆွ)သည်သာမန်အခြေအနေရပ်များတွင် ယင်းကဲ့သို့ လှုပ်ရှား  ခြင်း ကို တား မြစ်ခဲ့သည်။ 
              တမန်တော် မိန့်တော်မူခဲ့သည်။( အိုး မူအာဝီယာ) အကြင်သူဟာ ချစ်ရသူ အကြောင်း နားဆင်ရတဲ့အပေါ် ပီတိအခြေနေကိုမရရှိပါလျင် ထိုသူဟာ အရှင့်ကို ရှာဖွေသူမဟုတ်ပေ။
               ဂျိုနိုက်သခင်ကအမိန့်ရှိခဲ့သည်။စေ့မအ်၌ ပီတိအခြေနေကို၇ရှိခြင်းသည် အကြင်သူအား ယောင်းမွတ်မီသာလ်(ပဋိဥာဉ်ပြုစဉ်)နေ့က ၀ိဥာဉ်အပေါင်းအား အရှင်မြတ်မိန့်တော်မူသည်ကို အမှတ်ရစေ သည်။လောကုတ္တရာဈာန်ပီတိဟူသည် ငါး ကရေကိုတောင့်တသကဲ့သို့(သို့တည်းမဟုတ်) ပိုးဖလံက အလင်းရှိရာ မှန်အိမ်ဆီသို့ တဟုန်ထိုးသွားသည့်ပမာ ဖြစ်သည်။ရံဖန်ရံခါတွင် လူတို့သည် ဈာန်ပီတိ အခြေ အနေ၌သေဆုံးကုန်ကြသည်။ထို့ကြောင့် ဟရာမ်ဟု တားမြစ်ခြင်းပင် ဖြစ်သည်။
         (၃)စတင်လမ်းလိုက်သူတစ်ဦးအဖို့ ၄င်းအား (ပီတိ) (ecstagy) အခြေအနေသို့ရောက်ရှိစေရန် ဓမ္မဂီတဆရာ၏ (ဓမ္မ) ဂီတ လိုအပ်သည်။ ဓမ္မခရီးပေါက်ရောက်နေသူတဦးအဖို့မူ ငှက်များ၏မြည်ကြွေး(တေးဆို)သံနှင့် လေတိုက်ခတ်သံတို့သည်ပင် ၄င်းအတွက်လုံလောက်သော ဓမ္မဂီတသံ ဖြစ်လာသည်။ စတင်လမ်းလိုက်သူသည် စိတ်ကူးလွှမ်းမိုးမှုအောက်၌ရှိသည်။ သူသည် စကားလုံးများ၌ ၀မ်းမြောက်ကြည်နူးမှုဖြစ်သည်။ ဤသည်ပင်အကာအရံတခုဖြစ်သည်။ ဓမ္မခရီးပေါက်ရောက်နေသူမှာ (အရှင့်ပေါ်ထွန်းမှုအား) ထိုးထွင်းမြင်တွေ့ခြင်း၏လုပ်ရပ်၌ရှိနေသည်။ သူ့ထံ၌ ဂီတသည် မှေးမှန်သွားသည်။ စိတ်ကူးယဉ်မှုအကာအရံမှာ ပင့်တင်လှစ်ဟသွားချေပြီ။ “မဂျနူးန်”သည် “လိုင်လာ”ကိုမြင်တွေ့ခဲ့သောအခါ သူ့ကိုယ်သူ မေ့လျော့သွားသည်။ သူမက သူ့ကို စကားပြောဆိုခဲ့သောအခါတွင် သူ့ကိုယ်သူပြန်လည်သိရှိ (သတိဝင်)လာသည်။ ဆိုလိုသည်မှာ သူသည် ကျေနပ်ပီတိဈန်သမာပတ်ဝင်စားနေသော အခြေအနေမှ ပြန်လည်နိမ့်ဆင်းလျှောကျသွားခဲ့သည်။
‘စေ့မအ်’ သည် အရှင့်ပေါ်ထွန်းမှု (epi;hanies) တွင် နစ်မြုပ်ဈာန်သမာပတ်ဝင်နေသူတို့အား ၄င်းတို့၏ ပုံမှန်စိတ်အခြေအနေသို့ ပြန်လည်ရောက်ရှိစေသည်။ သို့သော် စတင်လမ်းလိုက်သူတစ်ဦးအတွက် ‘ စေ့မအ်’သည် ဥာဏ်စဉ်စခန်းမြှင့်တင်ပေးနိုင်သော ကျင့်စဉ်တစ်ခုဖြစ်သည်။
(၄) တမန်တော်များ၏လမ်းသည် နာမတော်များ၏လမ်းနှင့် ခြားနား၏။ ထို့ကြောင့် နာမတော်များ၏ (လမ်း)ကို ကျမ်းမြတ်ကိုရ်အာန်၌ ဤသို့ဖော်ပြခဲ့သည်။
‘မာမင်မ်၊ ဒဗ္ဗတင်၊ အိလ္လာဟုဝ၊ အားခိဇွန်၊ ဗိနားဆွိယတိဟာ၊ အင်းန၊ ရဗ္ဗီ၊ အလာဆွိရာတွင် မုစ်တကီးမ’် (၁၁:၅၆)
“(ပထ၀ီမြေပြင်၌) သွားလာကြကုန်သော သတ္တ၀ါမှန်သမျှတို့၏ ဦးစွန်းဆံစသည် ၄င်းတို့၏ ‘ရဗ္ဗ’၏လက်တော်တွင်းဝယ် ရှိပေသည်။ ဧကန်မလွဲထို ‘ရဗ္ဗ’သည် ဖြောင့်မတ်မှန်ကန်သော လမ်းပေါ်၌ပင် ရှိနေတော်မူပေသတည်း။”
နာမတော်၏လမ်းကိုလိုက်နာရင် ‘စာလိက်’သည် တမန်တော်များ၏လမ်းသို့ ချဉ်းနင်းဝင်ရောက်ရမည်။ သို့သော်လည်း ‘စာလိက်’သည် ပီတိ(ecstacy) အခြေအနေ၌ ၄င်းအဆင့်ကို ဖြတ်ကျော်သွားမည်ဆိုပါကလည်း သူ့အားခွင့်လွှတ်နိုင်ပေသည်။
(ဂမ္ဘီရ ဓမ္မ စာအုပ်မှ စေ့မ အခန်းကို မစုမွန်သွယ်မှ ကူးယူစာရိုက်ပေးသည်)


Sunday, September 9, 2012

အာအူးဇု(၅)မျိုး


အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ္လာဟ်ဝဗရကားသ်
 အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဟာ C.E ၆၉၉ / ၇၀၀ (သို့) ၇၀၂ / ၇၀၃ ခုမှာ  အာရေဗျကျွန်းဆွယ် မဒီနဟ်မြို့  မှာဖွားမြင်တော်မူ ခဲ့ပါတယ်။အီမာမ် ကြီးဟာကိုယ်တော်မြတ် (ဆွလ်လလ်လာဟု အလိုင် ဟိဝစလ်လမ်)  ရဲ့ “တွတ်” တော်ပါ။အထက်အဆက်အနွယ်တော် အစဉ်အဆက်ကိုဖော်ပြရရင် အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဘင်န် အီမာမ် မုဟမ္မဒ် အလ်ဘာကိရ် ဘင်န် အီမာမ်  အလီ (အီမာမ် ဇိုင်နုလ် အာဗေဒီးန်)ဘင်န် အီမာမ်ဟုစိုင်းန် (မြေးတော်) ဘင်န် အလီအိဗ်နိ အဗီသွာလိဗ် (စတုတ္ထခလီဖွာကြီး) + သမီးတော် ဖာသွိမဟ် ဘင်န်သိ မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝ စလ်လမ်) ပါ အီမာမ်ကြီးကို စွန်နီ မုစ်လင်မ်တွေရောရှိအဟ် မုစ်လင်မ်တွေ ကပါအစ္စလာမ်သာသနာရေးရာပညာရပ်များ၊ ဝိဇ္ဇာနဲ့သိပ္ပံ ပညာတို့ရဲ့ပညာရှင်ကြီးတစ်ဦးအဖြစ် ယနေ့တိုင်ရိုသေလေးစားကြပါတယ်။ ရှိအဟ် မုစ်လင်မ်   တွေကအီမာမ်ကြီးကိုကိုယ်တော်မြတ်(ဆွလ်လလ်လာဟု အလိုင်ဟိဝစလ်လမ်)ရဲ့ အရိုက်အရာကိုဆက်ခံ တဲ့ခြောက်ပါးမြောက် အီမာမ် အဖြစ်ယုံကြည်လက်ခံကြပါတယ်။ရှိအဟ် မုစ်လင်မ် တို့ရဲ့ ဂျာဖရီ ဖိကဟ် ဟာအီမာမ်ကြီး ကို ရည်ညွှန်းတာပါ။ဒါ့အပြင် ဆူဖီသွရီ ကဟ်လမ်းစဉ်အတော်များများဟာ  သူတို့ရဲ့ ဆရာအစဉ်အဆက်ကို အီမာမ်ကြီးထံ ဆက်နွယ်ဖော်ပြကြပါသေးတယ်။ အဲဒီလိုဆက်နွယ်ဖော်ပြ  ကြတဲ့ သွရီကဟ် လမ်းစဉ်တွေ ထဲမှာနက်ခ်ရှ်ဘန်ဒီယာလမ်းစဉ် ဟာ ထင်ရှားပါတယ်။
 အီမာမ် ကြီးဟာ ကုရ်အာန်၊ ဟဒီးဆ်၊ စုန္နဟ်၊ ဖွေကဟ် ပညာရပ်တို့ကို ပါရဂူမြောက် ကျွမ်းကျင် ရုံသာမက၊သူ့ခေတ်သမယကနက္ခတ္တဗေဒ၊ဒဿနိကဗေဒ၊ တက္ကဗေဒ၊ ဓာတုဗေဒ (ရှေးဟောင်း)၊ ဆေးပညာ၊ ဆေးဝါးဗေဒ စတဲ့ ဝိဇ္ဇာ၊ သိပ္ပံပညာတို့ရဲ့ အဓိပတိကြီးတစ်ပါး လည်းဖြစ်ပါတယ်။အီမာမ်ကြီးထံမှာပညာဆည်းပူးခဲ့တဲ့မြောက်မြားစွာသောတပည့်တွေထဲမှာ
အီမာမ်အဗူဟနီဖဟ် (ဖွေကဟ်ပညာရှင်ကြီး) (ရဟ်မသုလ္လာဟ်အလိုင်ဟ်) ၊အီမာမ် မာလိက် ဘင်န် အနတ်စ် (ဖွေကဟ်ပညာရှင်ကြီး နှင့် မုအသ်သွာဟဒီးစ် ကျမ်းရှင်) ရဟ်မသုလ္လာဟ် အလိုင်ဟ်)၊ အီမာမ်မူစာအလ်ကာဇွင်မ်(အီမာမ်ကြီး၏သားတော်နှင့်အစ်သ်နအရှရီရှိအဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်)(ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊ အီမာမ် အိစ်မာအိလ် (အီမာမ်ကြီး၏သားတော်နှင့် အိစ်မာအိလီ ရှိအဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊ အီမာမ် ဝစိလ် ဘင်န် အသွာ(မုသဇိလဟ် အတွေးအခေါ်ရှင်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) နှင့်ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (ဥရောပ သိပ္ပံပညာသမိုင်းတွင် လက်တင် အမည်GEBER ဖြင့် ကျော်ကြားသော သိပ္ပံပညာရှင်ကြီး)(ရဟ်မသုလ္လာဟ် အလိုင်ဟ်) တို့ဟာ အလွန်ထင်ရှားကြပါတယ်။အီမာမ်ကြီးဟာ သာသနာရေး၊သိပ္ပံ ဝိဇ္ဇာဆိုင်ရာ ကျမ်းပေါင်းများစွာ ကို ကိုယ်တိုင်ပြုစုခဲ့သလို သူ့တပည့်တွေ ကိုလည်း ကျမ်းပြုပါရဂူမြောက်တဲ့အထိ သင်ကြား ပျိုးထောင်ခဲ့သူ ဖြစ်ပါတယ်။
 အီမာမ် ကြီးဟာ အဗ္ဗဆီယာမင်း အလ်မန်စူးရ် လက်ထက် C.E ၇၆၅ ဒီဇင်ဘာလ မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခဲ့ပြီး၊ မဒီနဟ်မြို့ရှိ ဂျန်နသုလ်ဗကီးဟ် မှာ  မြှုပ်နှံခြင်းခံခဲ့ရပါတယ်။